ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ သဖန်းပင်ရပ်တွင် ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက ကညင်ချောင်းရေ တိုက်စားမှုကြောင့် ချောင်းကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ချောင်းကမ်းပါးနှင့် နီးကပ်နေသည့် နေအိမ် ၃ လုံးအား ထိခိုက်ပျက်စီးမှု မရှိစေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြိုတင် ဖျက်သိမ်းပေးခဲ့ပြီး ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊အင်္ဂပူမြို့တွင် ချောင်းကမ်းပါးပြိုကျ၍ နေအိမ် ၃ လုံးအား မီးသတ်တပ်ဖွဲ့က ကြိုတင်ဖျက်သိမ်းကာ ဘေးလွတ်ရာ ရွှေ့ပြောင်းပေး
Aug 01 • 7:07 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 15 | 0 | 0 | 0 |


