ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာ တာကျိုးပေါက်မှုကြောင့် မြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာများအတွင်း ရေများ ဝင်ရောက်လျက်ရှိသဖြင့် ရေဘေးသင့် လူဦးရေ ၆,၇၄၇ ဦးကို ယာယီ ကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားသည့် ဣစ္ဆာသယကျောင်းတိုက်သို့ အရေးပေါ် ရွှေ့ပြောင်း စောင့်ရှောက်ပေးထားရသည်။ အဆိုပါ ရေဘေးသင့် ပြည်သူများထံသို့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးအေးကျော်က ဇူလိုင် ၃၁ ရက်တွင် သွားရောက်ကြည့်ရှု အားပေးကာ ဆန်ရိက္ခာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်၌ လူဦးရေ ၆,၇၄၇ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရ
Aug 01 • 7:05 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 21 | 0 | 0 | 0 |


