အီတလီနိုင်ငံ၊ နာပိုလီ (နေပယ်) မြို့အနောက်ဘက် ကမ်ပီဖလက်ရိုင်းဒေသတွင် သောကြာနေ့ ည ၇ နာရီ ၄၆ မိနစ်ခန့်က အနက် ၂ မိုင်ခန့်ကို ဗဟိုပြု၍ ပြင်းအား ၄ ဒဿမ ၇ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်ကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရထားနှင့် မြေအောက်ရထား ပြေးဆွဲမှုများ အနှောင့်အယှက် ကြုံတွေ့ခဲ့ရသလို အဆောက်အအုံအချို့တွင်လည်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း လတ်တလောတွင် ဒေသခံများထံမှ အရေးပေါ် ကယ်ဆယ်ရေး တောင်းဆိုမှုများ မရှိသေးကြောင်း အီတလီ မီးသတ်ဌာနက ပြောကြားခဲ့သည်။
Aug 01 • 7:02 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


