ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၄၅/၆ နှင့် ၃၄၅/၇ကြား (ရန်ကုန်မှ မန္တလေးသို့အသွားလမ်း)တွင် ဇူလိူင်လ ၃၀ရက် နံနက် ၀၆:၀၅နာရီခန့် တွင် 3Q-4447 SCANIA အမျိုးအစား မန္တလာမင်း ခရီးသည်တင် (EXPRESS)ယာဉ်သည် ယာဉ်မောင်း ကွမ်းထွေးစဉ် စတီယာရင်ကိုဆွဲမိပြီး လက်ဝဲဖက်ခြမ်းလမ်းလယ်ကျွန်းပေါ်တစ်ခြမ်းတင်ရပ်တန့်ခဲ့ သောမတော်တဆမှုတစ်ခုဖြစ်ပွါးခဲ့ပါသည်။ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့သော်လည်း အမြန်လမ်းအသုံးပြုသောယာဉ်မောင်းများအနေဖြင့်ယာဉ်မောင်းနှင်နေစဉ် ဖုန်းပြောခြင်း၊စာတို SMS ပို့ခြင်း၊ လူမှုကွန်ရက်/အင်တာနက်သုံးခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ကွမ်းထွေးခြင်း စသည့် စိတ်အာရုံပျံ့လွင့်စေသော အပြုအမူများ မလုပ်ကြပါရန်နှင့် ယာဉ်အမျိုးအစားအလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ သတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်။



