မြန်မာ့ဆေးဝါးလုပ်ငန်း၏ သုတေသနပြု စမ်းသပ်ထုတ်လုပ်မည့် ဆေးဝါးအမယ်သစ်ခြောက်မျိုး သည် ဆီးချိုရောဂါ ကုသဆေး နှစ်မျိုး၊ ကိုယ်ခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV) ကုသဆေး တစ်မျိုး၊ အရိုးအကြောအဆစ် ရောဂါကုသဆေး တစ်မျိုး၊ ကင်ဆာရောဂါ ကုသဆေးတစ်မျိုးနှင့် မေ့ဆေးတစ်မျိုးတို့ဖြစ်ကြောင်း၊ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုပေးအပ်နိုင်တော့မည်ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ရှိ သုတေသနဌာန၌ ကျင်းပသည့် မြန်မာ့ဆေးဝါးလုပ်ငန်း၏ ဆေးဝါးအမယ်သစ် ခြောက်မျိုး သုတေသနပြုစမ်းသပ်အောင်မြင်ခဲ့ကာ
တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။



