ချယ်လ်ဆီးကွင်းလယ်လူ ကိုးလ်ပါလ်မာက ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ် အင်္ဂလန်-မက္ကဆီကိုပွဲကြည့်ရင် အိပ်ပျော်သွားခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ပါလ်မာ(၂၄ နှစ်)ဟာ နည်းပြ တူဟယ်လ်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ၂၆ ဦးစာရင်းမှာ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရတာဖြစ်တယ်။ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာနဲ့ ရုန်းကန်ခဲ့ရတာကလည်း သူ့ကို ပထမဆုံး ကမ္ဘာ့ဖလားယှဉ်ပြိုင်မှုနဲ့ လွဲချော်စေခဲ့ပါတယ်။မက္ကဆီကိုနဲ့ပွဲကို ကြည့်ခဲ့သလား မေးမြန်းမှုကို ပါလ်မာက ရယ်ပြီး ''ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်းအပြီးမှာ အိပ်ပျော်သွားခဲ့ပါတယ်''လို့ ပြန်လည်ဖြေကြားခဲ့တယ်။
အင်္ဂလန်-မက္ကဆီကိုပွဲဟာ မုန်တိုင်းရှိလို့ တစ်နာရီနောက်ကျခဲ့ပြီး GMT နံနက် ၂း၀၀ နာရီတွင်မှ စတင်ကစားခဲ့တာဖြစ်ပါတယ်။



