back

ထိုင်းနိုင်ငံမှာ ဩဂုတ်လ ၁ ရက်နေ့က စတင်ပြီး ကိုယ်စားလှယ်အမည်ခံလုပ်ငန်းတွေကို တားဆီးဖို့ စီးပွားရေးလုပ်ငန်း မှတ်ပုံတင်မှုတွေကို စ-စ်ဆေးတော့မည်

Aug 01 • 2:27 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံမှာ ဩဂုတ်လ ၁ ရက်နေ့က စတင်ပြီး ကိုယ်စားလှယ်အမည်ခံလုပ်ငန်းတွေကို တားဆီးဖို့ စီးပွားရေးလုပ်ငန်း မှတ်ပုံတင်မှုတွေကို စ-စ်ဆေးတော့မည်

ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (DBD) က နိုင်ငံခြားသားတွေနဲ့ ပူးပေါင်းရင်းနှီးမြှုပ်နှံတဲ့အခါမှာ ထိုင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေရဲ့ ...

ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (DBD) က နိုင်ငံခြားသားတွေနဲ့ ပူးပေါင်းရင်းနှီးမြှုပ်နှံတဲ့အခါမှာ ထိုင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေရဲ့ ၃ လစာ ဘဏ်စာရင်းရှင်းတမ်း တင်ပြဖို့ လိုအပ်မယ့် စည်းမျဉ်းအသစ်ကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ စတင်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ အဲဒီအမိန့်ဟာ နိုင်ငံခြားသားတွေအတွက် ထိုင်းနိုင်ငံသားတွေက အမည်ခံ (Nominee) အဖြစ် လုပ်ဆောင်ပေးနေမှုတွေကို တားဆီးဖို့နဲ့ ရင်းနှီးမြှုပ်နှံနိုင်စွမ်း အစ-စ်အမှန်ကို စိစ-စ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။အရင်က အခြေခံစိစ-စ်မှုတွေ ရှိခဲ့ပေမယ့် လုပ်ငန်းမှတ်ပုံတင်ပြီးမှ နိုင်ငံခြားသားတွေ ပါဝင်လာနိုင်အောင် ပြင်ဆင်ဖွဲ့စည်းတဲ့ နည်းလမ်းသစ်တွေနဲ့ ရှောင်ကွင်းမှုတွေ ရှိလာတဲ့အတွက် အခုလို တင်းကျပ်လိုက်တာ ဖြစ်ပါတယ်။ အမိန့်အသစ်အရ လုပ်ငန်းစတင်ဖွဲ့စည်းချိန်ကစပြီး နောက်ပိုင်း ပြင်ဆင်မှုတွေလုပ်တဲ့အထိ အဆင့်တိုင်းမှာ စိစ-စ်သွားမှာဖြစ်ပြီး နိုင်ငံခြားသား ပါဝင်လာရင် ထိုင်းရင်းနှီးမြှုပ်နှံသူတွေရော ငွေလက်ခံတဲ့ သူတွေရဲ့ ဘဏ်စာရင်းတွေကိုပါ သေချာစ-စ်ဆေးသွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ တရားဝင်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘူးလို့ ဌာနက ယုံကြည်ထားပါတယ်။ ဒါပေမယ့် နိုင်ငံတော်အတွက် နစ်နာစေတဲ့ အမည်ခံလုပ်ငန်းတွေ များပြားတဲ့ ချွန်ဘူရီ၊ ရယောင်း၊ ချင်းမိုင်၊ ချင်းရိုင်၊ ဆူရတ်ဌာနီ၊ ဖူးခက်နဲ့ ကရာဘီ စတဲ့ ဒေသတွေမှာ စ-စ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ဥပဒေကို ရှောင်ကွင်းဖို့ ကြိုးစားရင် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းဥပဒေအရ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်ပါတယ်။


news-view-count-icon

23