ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့မှာ ကျင်းပနေတဲ့ MLBB MSC 2026ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ YG MLBBအသင်းဟာ မနေ့က ဖိလစ်ပိုင် ကိုယ်စားပြု Falcon Phကို ၃-၂ဆိုတဲ့ရလဒ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။မြန်မာ ကိုယ်စားပြု YG MLBBအသင်းဟာ ဗိုလ်လုပွဲအဖြစ် ယနေ့ ညနေ ၆နာရီခွဲမှာ Team Sprintနဲ့ ကစားသွားရမှာဖြစ်ပါတယ်။
မြန်မာကိုယ်စားပြု MLBBအသင်း အနေနဲ့ နိုင်ငံတကာပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ခဲ့တာက လွန်ခဲ့တဲ့ ၅နှစ်က Burmese Goulsပြီးနောက် YG MLBBအသင်းဟာ ဒုတိယအကြိမ် တက်နိုင်ခဲ့တာဖြစ်ပါတယ်။



