ဖီဖာအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှယ်ယာတချို့ကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေဆီရောင်းချမယ့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်မပြိုင်ဖို့ ယူအီးအက်ဖ်အေ လက်အောက်မှာရှိတဲ့ အဖွဲ့ဝင် ၅၅ နိုင်ငံစလုံးက မဲပေးဆုံးဖြတ်ခဲ့ပါတယ်။ကမ္ဘာ့ဘောလုံးအားကစားကို ကြီးကြပ်ကွပ်ကဲနေတဲ့ ဖီဖာဟာ အခုတစ်ပတ်အစောပိုင်းက ကမ္ဘာ့ဖလားရှယ်ယာ တွေရောင်းချမယ့် အစီအစဉ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီအစီအစဉ်နဲ့ပတ်သက်လို့ ယူအီးအက်ဖ်အေက ကြာသပ တေးနေ့မှာ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဖီဖာရဲ့ အစီအစဉ်ကို မြောက်အမေရိက ဘောလုံး အဖွဲ့ချုပ်(ကွန်ကာကပ်ဖ်)ရဲ့ အဖွဲ့ဝင် ၄၁ နိုင်ငံက ပယ်ချခဲ့သလို ယူအီးအက်ဖ်အေ အဖွဲ့ဝင်နိုင်ငံတွေကလည်း ပယ်ချဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကာကမ္ဘာ့ဖလားပြိုင်ပွဲကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထုတ်ကုန်တစ်ခုအဖြစ် သဘောထားဖို့ မဖြစ်နိုင်ပါဘူးလို့ ယူအီးအက်ဖ် အေရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ တကယ်လို့ ဖီဖာအနေနဲ့ ဒီအစီအစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့ မယ်ဆိုရင် အမျိုးသားနဲ့ အမျိုးသမီး ကမ္ဘာ့ဖလား၊ ကလပ်ကမ္ဘာ့ဖလားအပါအဝင် ဖီဖာရဲ့ ပြိုင်ပွဲတွေအားလုံးကို ဝင်ပြိုင်မှာမဟုတ်ဘူးလို့လည်း ယူအီးအက်ဖ်အေက ထုတ်ပြန်ထားပါတယ်။
| 21 | 0 | 0 | 0 |


