မြန်မာအမျိုးသမီးဘောလုံးအကယ်ဒမီဟာ အရှေ့တောင်အာရှမှာ အခမဲ့တက်ရောက်နိုင်တဲ့ ပထမဆုံးသော အမျိုးသမီးဘောလုံးအကယ်ဒမီ ဖြစ်ပြီး ဖီဖာနဲ့ ဧရာဝတီဖောင်ဒေးရှင်းတို့ ပံ့ပိုးကူညီမှုနဲ့ ဆောင်ရွက်နေတာ ဖြစ်ကြောင်း MFF က ထုတ်ပြန်ထားပါတယ်။မန္တလေးမြို့ရှိ မြန်မာအမျိုးသမီးဘောလုံးအကယ်ဒမီတက်ရောက်နေတဲ့ အကယ်ဒမီကျောင်းသူတွေကို နောင်တချိန် အမျိုးသမီးလက်ရွေးစင်အသင်းမှာ အားကိုးရတဲ့ ကစားသမားလေးတွေ ဖြစ်လာအောင်ကြိုးစားဖို့ ဦးဇော်ဇော်က အားပေးစကားဆိုခဲ့ပါတယ်။
မြန်မာအမျိုးသမီး ဘောလုံးအကယ်ဒမီမှာ ဒေသ အသီးသီးမှ ရွေးချယ်ခံထားရတဲ့ ကျောင်းသူ(၅၁)ဦး တက်ရောက်နေပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမိုးနဲ့အတူ မြန်မာ့လက်ရွေးစင် သန်းသန်းထွေးနဲ့ နည်းပြအဖွဲ့က ဘောလုံးပညာတွေ သင်ကြားပေးနေပါတယ်။



