ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ဦးဆောင်ကျင်းပမည့် ၂၀၂၆ FIFA ASEAN Cup ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး Challenge Division (Division-2) ချန်ပီယံဆုကို ရရှိခဲ့ပါက အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ဆုကြေးငွေ ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲဝင်အသင်းတိုင်းအနေဖြင့် ကနဦး အမေရိကန်ဒေါ်လာ ၁၂၅,၀၀၀ ရရှိမည်ဖြစ်သည့်အတွက် မြန်မာအသင်းအနေဖြင့် ချန်ပီယံဖြစ်ခဲ့ပါက ကနဦးပြိုင်ပွဲဝင်ကြေးနှင့် ချန်ပီယံဆုကြေး ပေါင်းစပ်တွက်ချက်လျှင် အနည်းဆုံး ဒေါ်လာ ၄၂၅,၀၀၀ ရရှိနိုင်မည်ဖြစ်ပါတယ်။ Challenge Division (Division-2) တွင် 🇲🇲 မြန်မာ၊ 🇭🇰 ဟောင်ကောင်၊ 🇰🇭 ကမ္ဘောဒီးယား၊ 🇱🇦 လာအို၊ 🇧🇳 ဘရူနိုင်းနှင့် 🇹🇱 တီမောတို့ ပါဝင်မည်ဖြစ်ပြီး အသင်း ၆ သင်းကို အုပ်စု ၂ စုခွဲကာ ကျင်းပသွားမည်ဖြစ်ပါတယ်။ Challenge Division ချန်ပီယံဆု — $300,000ဖြစ်ကာ ပြိုင်ပွဲဝင်ကြေးမှာ — $125,000ဖြစ်၍မြန်မာအသင်း ချန်ပီယံဖြစ်ပါက စုစုပေါင်း — $425,000ရရှိမှာလည်းဖြစ်ပါတယ်။၂၀၂၆ FIFA ASEAN Cup ပြိုင်ပွဲကို စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် Challenge Division တွင် အမြင့်ဆုံးအောင်မြင်မှုရရှိရန် ကြိုးစားသွားရမည်ဖြစ်ပါတယ်။



