back

ရန်ကုန်-ပြည် ရထား လမ်းပိုင်း၌ လေအေးပေးစက်ပါ DEMU ရထား ယနေ့မှစ စတင်ပြေးဆွဲကာ မြို့ကြီးများရှိ ဘူတာများတွင်လည်း ရပ်‌နားပေးမည်ဖြစ်

Jul 31 • 7:36 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်-ပြည် ရထား လမ်းပိုင်း၌ လေအေးပေးစက်ပါ DEMU ရထား ယနေ့မှစ စတင်ပြေးဆွဲကာ မြို့ကြီးများရှိ ဘူတာများတွင်လည်း ရပ်‌နားပေးမည်ဖြစ်

ရန်ကုန်နှင့် ပြည်မြို့သို့ နေ့ချင်းပြန် ကူးသန်းသွားလာနိုင်ရန်အတွက် ခေတ်မီ လေအေးပေးစက် ပါရှိသည့် DEMU ရထားသစ် အမှတ် (၇၃) အဆန်နှင့် အမှတ် (၇၄) အစုန်တို့ကို ဇူလိုင...

ရန်ကုန်နှင့် ပြည်မြို့သို့ နေ့ချင်းပြန် ကူးသန်းသွားလာနိုင်ရန်အတွက် ခေတ်မီ လေအေးပေးစက် ပါရှိသည့် DEMU ရထားသစ် အမှတ် (၇၃) အဆန်နှင့် အမှတ် (၇၄) အစုန်တို့ကို ဇူလိုင် ၃၁ ရက်မှ စတင်ကာ ပုံမှန် ပြေးဆွဲပေးနေပြီဖြစ်သည်။ခရီးစဉ် အနေဖြင့် ရန်ကုန်မှ ပြည်သို့ ထွက်ခွာမည့် အမှတ် (၇၃) အဆန်ရထားသည် ရန်ကုန်ဘူတာမှ နံနက် ၅:၃၀ နာရီတွင် စတင်ထွက်ခွာပြီး ပြည်ဘူတာသို့ နေ့လယ် ၁၁:၃၀ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ ပြည်မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည့် အမှတ် (၇၄) အစုန်ရထားသည် ပြည်ဘူတာမှ မွန်းလွဲ ၁:၀၀ နာရီတွင် ပြန်ထွက်ကာ ရန်ကုန်ဘူတာသို့ ည ၇:၀၀ နာရီတွင် ရောက်ရှိမည်ဖြစ်သဖြင့် ခရီးစဉ်တစ်လျှောက် ကြာမြင့်ချိန် ၆ နာရီခန့်သာ ရှိမည်ဖြစ်သည်။ လမ်းခရီးတွင် တညင်းကုန်း၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်၊ နတ်တလင်းနှင့် ပေါင်းတည်ဘူတာတို့၌ ရပ်နားပေးသွားမည်ဖြစ်သည်။ရထားတွဲဆိုင်းတွင် အထက်တန်း ၂ တွဲနှင့် ပထမတန်း ၄ တွဲ ပါဝင်ရာ စုစုပေါင်း ခရီးသည် ၂၉၀ ဦး စီးနင်းနိုင်မည်ဖြစ်သည်။ ခရီးစဉ်အစအဆုံးအတွက် လက်မှတ်ခနှုန်းထားများမှာ အထက်တန်းကျပ် ၂၀,၀၀၀ နှင့် ပထမတန်းကျပ် ၁၅,၀၀၀ သတ်မှတ်ထားသည်။ထို့ပြင် အဆိုပါ DEMU ရထား အပါအဝင် ရန်ကုန်-ပြည် လမ်းပိုင်းပြေးဆွဲနေသည့် လေအိတ်ရထားများ၏ လက်မှတ်များကို Online Railways Ticketing and Payment System (ORTP) စနစ်ဖြင့် အွန်လိုင်းမှတစ်ဆင့် ကြိုတင်ဝယ်ယူနိုင်သည်။ ခရီးစဉ်အစအဆုံးအတွက် ၇ ရက် ကြိုတင်ဝယ်ယူနိုင်ပြီး ကြားဘူတာများအတွက် ၅ ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်သည်။

news-view-count-icon

22