၃၁.၇.၂၀၂၆ ရက်နေ့၊ ၂၂ နာရီ၁၅ မိနစ်အချိန်ခန့်၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဂွေ့ကြီးချောင်းရေလျှံမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိသော ဆင်ဖြူရှင်ရပ်ကွက်၊ စွယ်တော်လမ်းနှင့် ရန်ကုန်(၁)လမ်း၊ ရန်ကုန်(၂)လမ်း၊ ရန်ကုန်(၃)လမ်းပတ်ဝန်းကျင်ရှိ အိမ်ထောင်စုများအား ပုဗ္ဗသီရိမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ အရန်မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ပါသည်။



