back

ကမ္ဘောဒီးယားနိုင်ငံ ဆီဟာနုဗေးလ်မှ ဟောင်ကောင်သို့ သွယ်တန်းသည့် ရေအောက်ဖိုင်ဘာကေဘယ်လ်ကြောင့် အင်တာနက် မြန်နှုန်း ပိုမိုကောင်းမွန်လာဟုဆို

Jul 31 • 7:19 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားနိုင်ငံ ဆီဟာနုဗေးလ်မှ ဟောင်ကောင်သို့ သွယ်တန်းသည့် ရေအောက်ဖိုင်ဘာကေဘယ်လ်ကြောင့် အင်တာနက် မြန်နှုန်း ပိုမိုကောင်းမွန်လာဟုဆို

ကမ္ဘောဒီးယားနိုင်ငံ၏ ဆီဟာနုဗေးလ် (Sihanoukville) မြို့မှ ဟောင်ကောင်သို့ သွယ်တန်းထားသည့် ကီလိုမီတာ ၃,၀၀၀ (၁,၈၆၄ မိုင်) ရှည်လျားသော ရေအောက်ဖိုင်ဘာကေဘယ်လ် (SHV-HK)...

ကမ္ဘောဒီးယားနိုင်ငံ၏ ဆီဟာနုဗေးလ် (Sihanoukville) မြို့မှ ဟောင်ကောင်သို့ သွယ်တန်းထားသည့် ကီလိုမီတာ ၃,၀၀၀ (၁,၈၆၄ မိုင်) ရှည်လျားသော ရေအောက်ဖိုင်ဘာကေဘယ်လ် (SHV-HK) သည် ဟောင်ကောင်သို့ အောင်မြင်စွာ ချိတ်ဆက်ရောက်ရှိသွားပြီဖြစ်ရာ ကမ္ဘောဒီးယားနိုင်ငံ၏ အင်တာနက် မြန်နှုန်းနှင့် ချိတ်ဆက်မှုများကို ပိုမိုမြှင့်တင်ပေးနိုင်တော့မည်ဖြစ်သည်။အဆိုပါ စီမံကိန်းသည် ထိုင်းပင်လယ်ကွေ့၊ ဗီယက်နမ် တောင်ဘက်စွန်းနှင့် တောင်တရုတ်ပင်လယ်တို့ကို ဖြတ်သန်း၍ ဟောင်ကောင်ရှိ Tseung Kwan O စခန်းသို့ သွယ်တန်းထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် စမ်းလမ်း အစီအစဉ် (Belt and Road Initiative) အောက်တွင် တရုတ်နိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် China Unicom က ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယား ပြည်သူ ၁၈ သန်းအတွက် အင်တာနက် ကွန်ရက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

news-view-count-icon

16