back

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၌ စီးပွားရေး ကျပ်တည်းမှုကြောင့် ဝါတွင်းဥပုသ်ရက် တစ်ဦးတည်း အလှူရှင် နည်းပါးလာ

Jul 31 • 6:54 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၌ စီးပွားရေး ကျပ်တည်းမှုကြောင့် ဝါတွင်းဥပုသ်ရက် တစ်ဦးတည်း အလှူရှင် နည်းပါးလာ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ရှိ မနိုးရုံး၊ ဘန်ဂလား၊ ထောင်ကမတ်၊ ရေငံကြီး၊ အလယ်မန် စသည့် ကျေးရွာအုပ်စုများတွင် စီးပွားရေး ကျပ်တည်းမှုကြောင့် ဝါတွင်းဥ...

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ရှိ မနိုးရုံး၊ ဘန်ဂလား၊ ထောင်ကမတ်၊ ရေငံကြီး၊ အလယ်မန် စသည့် ကျေးရွာအုပ်စုများတွင် စီးပွားရေး ကျပ်တည်းမှုကြောင့် ဝါတွင်းဥပုသ်ရက်များအတွက် တစ်ဦးတည်း အလှူရှင်များ နည်းပါးသွားကာ စုပေါင်းလှူဒါန်းမှုများ ပြုလုပ်နေရကြောင်း သိရသည်။ပုံမှန်အားဖြင့် ဝါတွင်းဥပုသ်ရက်များတွင် တစ်ဦးတည်း အလှူရှင်များက အလှူရက်များ ခွဲဝေယူကာ သံဃာတော်များ၊ ဥပုသ်သည်များနှင့် ဖိတ်ကြားထားသူများကို ထမင်း၊ ဟင်းများ ချက်ပြုတ်ကျွေးမွေး လှူဒါန်းလေ့ရှိသည်။ သို့သော် ယခုနှစ်တွင် ကုန်စည်သယ်ဆောင်ခွင့် ကန့်သတ်ချက်များနှင့် အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်မှုတို့ကြောင့် ငွေကြေး အဆင်ပြေသူများပင် တစ်ဦးတည်း မလှူဒါန်းနိုင်တော့သည့် အခြေအနေဖြစ်ပေါ်နေသည်။ထို့ပြင် ယခင်က လူဦးရေအလိုက် အလှူတစ်ခုလျှင် ကျပ်သိန်း ၁၀၀ ဝန်းကျင်သာ ကုန်ကျသော်လည်း လက်ရှိတွင် ကုန်ဈေးနှုန်းများကြောင့် ကျပ်သိန်း ၂၀၀ ကျော်အထိ ကုန်ကျစရိတ် မြင့်တက်နေသည်။ ထို့ကြောင့် ဘန်ဂလားကျေးရွာ အုပ်စုအပါအဝင် ရွာအများစုတွင် တစ်အိမ်လျှင် အနည်းဆုံး ကျပ်သုံးသောင်းအထက် တတ်နိုင်သလောက် ထည့်ဝင်စေကာ ဝါတွင်းအပတ်တိုင်း စုပေါင်းအလှူပွဲများအဖြစ် စီစဉ်ပြောင်းလဲ ဆောင်ရွက်နေကြရသည်။ဘုတ်ပြင်းမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း ၁၂၂ ကျောင်းရှိပြီး ရဟန်းသံဃာတော် အပါး ၃၀၀ ကျော် သီတင်းသုံးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

15