back

ရှမ်းပြည်နယ်၊လားရှိုးမြို့၌ ပိုက်ဆံအိတ် ခိုးပြေးသူအား ရပ်ကွက်လူထုက ဝိုင်းဝန်းဖမ်းဆီး၍ ရဲထံ အပ်နှံ

Jul 31 • 4:01 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊လားရှိုးမြို့၌ ပိုက်ဆံအိတ် ခိုးပြေးသူအား ရပ်ကွက်လူထုက ဝိုင်းဝန်းဖမ်းဆီး၍ ရဲထံ အပ်နှံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၅) တွင် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ပိုက်ဆံအိတ် ခိုးယူထွက်ပြေးသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို ရပ်ကွက်လူထု...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၅) တွင် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ပိုက်ဆံအိတ် ခိုးယူထွက်ပြေးသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို ရပ်ကွက်လူထုက ဝိုင်းဝန်းဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ခိုးယူသူ၏ မိသားစုက ပြန်လည်လွှတ်ပေးရန်နှင့် ချည်နှောင်ထားသည့် ကြိုးများကို လျှော့ပေးရန် တောင်းဆိုခဲ့သော်လည်း ရပ်ကွက်လူထုက ရဲစခန်းသို့ သွားရောက်အပ်နှံခဲ့သည်။လားရှိုးမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သူခိုး သို့မဟုတ် လုယက်သူများ မိပါက လူမှုကွန်ရက်ပေါ် သတင်းမတင်ဘဲ သက်ဆိုင်ရာသို့သာ တိုက်ရိုက်အကြောင်းကြားရန် အသိပေးထားသည်။ ဇူလိုင် ၁၃ ရက်ကလည်း လေယာဉ်ကွင်းလမ်း၌ ကျပ်သိန်း ၄၀ လုယက်ခံရသည့်ဖြစ်စဉ်ကို လူမှုကွန်ရက်ပေါ် တင်ပြခဲ့သူအား ရဲစခန်းတွင် ၁၀ ရက်ခန့် ဖမ်းချုပ်ထားခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

13