back

ဂျပန်၌ ပြည်တွင်းဆန် ဈေးနှုန်းမြင့်တက်မှုနှင့် တင်သွင်းဆန် တိုးလာမှုကြောင့် ဆန် စားသုံးမှု စံချိန်တင် အနည်းဆုံးအဖြစ် လျော့ကျ

Jul 31 • 3:59 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်၌ ပြည်တွင်းဆန် ဈေးနှုန်းမြင့်တက်မှုနှင့် တင်သွင်းဆန် တိုးလာမှုကြောင့် ဆန် စားသုံးမှု စံချိန်တင် အနည်းဆုံးအဖြစ် လျော့ကျ

၂၀၂၅ ခုနှစ် ဇူလိုင်လမှ စတင်ခဲ့သော တစ်နှစ်တာ ကာလအတွင်း ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ် ဆန် စားသုံးမှုပမာဏသည် တန်ချိန် ၆.၈၃ သန်းအထိ လျော့ကျသွားခဲ့ပြီး စံချိန်တင် အနည်...

၂၀၂၅ ခုနှစ် ဇူလိုင်လမှ စတင်ခဲ့သော တစ်နှစ်တာ ကာလအတွင်း ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ် ဆန် စားသုံးမှုပမာဏသည် တန်ချိန် ၆.၈၃ သန်းအထိ လျော့ကျသွားခဲ့ပြီး စံချိန်တင် အနည်းဆုံး ပမာဏသို့ ရောက်ရှိခဲ့သည်။၂၀၂၄ ခုနှစ် နွေရာသီက ဖြစ်ပွားခဲ့သော ဆန် ပြတ်လပ်မှုနှင့် ပြည်တွင်းဆန် ဈေးနှုန်းများ မြင့်တက်သွားခြင်းကြောင့် နိုင်ငံခြားမှ ဆန်တင်သွင်းမှု တိုးမြှင့်ခဲ့ရခြင်းက အဓိက အကြောင်းရင်းဖြစ်သည်။ တစ်ဖက်တွင် ၂၀၂၅ ခုနှစ် ထွက်ရှိသော ဆန်ပမာဏသည် တန်ချိန် ၇.၄၇ သန်းအထိ ရှိခဲ့သဖြင့် ခန့်မှန်း ဝယ်လိုအားထက် ပိုမိုများပြားကာ ပုဂ္ဂလိက ကဏ္ဍ၏ ဆန်လက်ကျန် ပမာဏမှာ တန်ချိန် ၂.၄၃ သန်းအထိ စံချိန်တင် မြင့်တက်လာခဲ့သည်။ဆန်လက်ကျန် ပိုလျှံလာမှုကြောင့် ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ ဆက်လက် ကျဆင်းဖွယ်ရှိနေပြီး၊ ဆန်စိုက် တောင်သူများနှင့် ကုန်သည်များက ပိုလျှံနေသော ဆန်များကို အစိုးရမှ စောစီးစွာ ပြန်လည် ဝယ်ယူပေးရန် တောင်းဆိုလျက်ရှိသည်။ စိုက်ပျိုးရေး ဝကြီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ် ဆန်ထွက်ရှိမှု အခြေအနေများကို စိစစ်ပြီးမှသာ ပြန်လည်ဝယ်ယူမည့် အစီအစဉ်ကို အဆုံးအဖြတ် ပေးသွားမည်ဖြစ်သည်။

news-view-count-icon

11