မိမိယာဉ်နံပါတ်ကို အခြားသူများက မသမာသော နည်းလမ်းများဖြင့် အသုံးပြု၍ စက်သုံးဆီ ဝယ်ယူခြင်း ခံခဲ့ရသည့် ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီ ဝယ်ယူခွင့် QR Code အသစ် ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ထုတ်ပြန် အသိပေးလိုက်သည်။ခက်ခဲကြုံတွေ့ခဲ့ရသည့် ယာဉ်ပိုင်ရှင်များသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးများတွင် လိုအပ်သော အထောက်အထားများ တင်ပြ၍ လျှောက်ထားနိုင်မည် ဖြစ်သည်။လျှောက်ထားရာတွင် မော်တော်ယာဉ် မှတ်ပုံတင်စာအုပ် မူရင်း၊ စာအုပ်ပါ ယာဉ်အရောင်၊ ယာဉ်၏ ရှေ့၊ နောက်၊ ဘေး မြင်ကွင်း ဓာတ်ပုံများနှင့် မှတ်ပုံတင်စာအုပ်ပါ QR Code အချက်အလက်များကို စိစစ် တင်ပြရမည်ဖြစ်သည်။သက်ဆိုင်ရာ ဌာနမှ စိစစ်အတည်ပြုပြီးပါက ယခင် QR Code ကို ပယ်ဖျက်ပေးမည်ဖြစ်ပြီး QR Code အသစ်ဖြင့် စက်သုံးဆီများ ပြန်လည် ဝယ်ယူနိုင်မည်ဖြစ်သည်။ ယခု ဆောင်ရွက်ချက်သည် မသမာသူများ၏ အလွဲသုံးစား ပြုလုပ်မှုများကို တားဆီးရန်နှင့် ယာဉ်ပိုင်ရှင်များ၏ အခွင့်အရေးကို ကာကွယ်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။
Jul 31 • 4:02 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


