မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ရှိ Forest City အိမ်ရာ စီမံကိန်းအတွင်း အခြေစိုက်၍ တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံသားများကို ပစ်မှတ်ထားကာ ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှုနှင့် အချစ်ရေး အလိမ်အညာ (Romance Scams) ဂိုဏ်းများ ဖွင့်လှစ်ထားသည့် အွန်လိုင်း လိမ်လည်မှု စင်တာများကို မလေးရှား ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ လူပေါင်း ၃၃၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးခံရသူများတွင် အသက် ၂၀ မှ ၅၈ နှစ်အရွယ်များ ပါဝင်ပြီး တရုတ်နိုင်ငံသား ၃၀၉ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၉ ဦး၊ မြန်မာနိုင်ငံသား ၄ ဦးနှင့် မလေးရှားနိုင်ငံသား ၃ ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် Telegram၊ WhatsApp နှင့် TikTok ကဲ့သို့သော လူမှုကွန်ရက်များကို အသုံးပြု၍ သားကောင်များကို စည်းရုံးလှည့်ဖြားခဲ့ကြခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ ဝင်ရောက်စီးနင်းမှုအတွင်း ကွန်ပျူတာ ၃၁၃ လုံး၊ လက်ကိုင်ဖုန်း ၁,၅၅၇ လုံးနှင့် မလေးရှားရင်းဂစ် ၁ သန်းနီးပါး တန်ဖိုးရှိ SUV မော်တော်ယာဉ် တစ်စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ ဂျိုဟိုးရှိ Forest City တွင် အွန်လိုင်း လိမ်လည်မှုများ လုပ်ဆောင်နေသည့် သံသယရှိသူ ၃၃၅ ဦးဖမ်းဆီးခံရကာ မြန်မာ၄ဦး ပါဝင်
Jul 31 • 3:13 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


