ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ ဟိုနားကျေးရွာအုပ်စု၊ ဟိုနားကျေးရွာအဝင်တွင် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေနှင့် မိုးရေများ ကားလမ်းမကြီးပေါ်သို့ ရေကျော်ဝင်ရောက် စီးဆင်းခဲ့ပြီး ယာဉ်သွားလာရုံမက လယ်ယာမြေ ဧကရာချီ ရေဝင်ရောက်နစ်မြုပ်လျက် ရှိပါသည်။ဒေသခံများ၏ ပြောကြားချက်အရ နမ့်ခုတ်ချောင်းမှ ရေစီးကြမ်းတမ်းပြီး ရေမှာ တဖြည်းဖြည်းသာ ပြန်လည်ကျဆင်းနေကြောင်း သိရပါသည်။ ထို့ပြင် မိုင်းဆတ်-တာချီလိတ်သွားလမ်းရှိ မယ်ကျန်းတံတား အမှတ်(၁/၉) တွင်လည်း ရေနှင့်အတူ မျှောပါလာသည့် အမှိုက်များ ပိတ်ဆို့တင်ကျန်နေပြီး လမ်းမကြီးဘေး လမ်းသားများ ပွင့်ကျမှုများ ဖြစ်ပွားနေပါသည်။လက်ရှိတွင် လမ်း၊ တံတားများ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နေသော်လည်း ရေပြန်မကျမချင်း ယာဉ်များ သွားလာ၍ မရနိုင်သေးသည့် အခြေအနေ ဖြစ်ပါသည်။ ယခင် ၂၀၂၄ ခုနှစ် မုန်တိုင်းနောက်ဆက်တွဲ ရေဘေးစဉ်ကလည်း နမ့်ခုတ်တံတား ကျိုးကျခဲ့ဖူးသဖြင့် တာချီလိတ်မြို့နှင့် လနှင့်ချီလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ဖူးသည့် သမိုင်းကြောင်းလည်း ရှိခဲ့ပါသည်။
ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွား
Jul 31 • 3:57 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 20 | 0 | 0 | 0 |


