ဗဟိုဘဏ်က လက်ဝယ်ရှိ နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၃၀၄,၄၂၆.၄၃ ကို လက်တွေ့ကုန်ထုတ်လုပ်မှု လုပ်ကိုင်နေသည့် CMP ကုမ္ပဏီများထံ ပြန်လည်ရောင်းချပေးခဲ့သည်။FX Trading အစီအစဉ်အရ သွင်းကုန်ကဏ္ဍအသီးသီးသို့ ခွဲဝေရရှိခဲ့သည့် ရာခိုင်နှုန်းများတွင် ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းကဏ္ဍက ၁၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့ပြီး စက်သုံးဆီကဏ္ဍက ၁၆ ရာခိုင်နှုန်း၊ ဓာတ်မြေဩဇာကဏ္ဍက ၁၄ ရာခိုင်နှုန်း၊ တိရစ္ဆာန်အစာကဏ္ဍက ၁၁ ရာခိုင်နှုန်းနှင့် စားသုံးကုန်စည်ကဏ္ဍက ၁၀ ရာခိုင်နှုန်း အသီးသီး ပါဝင်သည်။ ကျန်ရှိသည့် ရာခိုင်နှုန်းများကို စက်မှုကုန်ကြမ်းကဏ္ဍက ၉ ရာခိုင်နှုန်း၊ စားသုံးဆီတင်သွင်းမှုကဏ္ဍက ၅ ရာခိုင်နှုန်း၊ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးပစ္စည်းကဏ္ဍက ၁ ရာခိုင်နှုန်းနှင့် အခြားကုန်ပစ္စည်း သို့မဟုတ် Non Trade Transaction များက ၁၅ ရာခိုင်နှုန်း ရရှိခဲ့ကြသည်။ဤကဲ့သို့ နိုင်ငံခြားငွေ ခွဲဝေရောင်းချပေးခြင်းသည် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ အစဉ်မပြတ် လည်ပတ်နိုင်စေရန်နှင့် မရှိမဖြစ် လိုအပ်သည့် သွင်းကုန်များအတွက် ဒေါ်လာလိုအပ်ချက်ကို FX Trading မှတစ်ဆင့် ပုံမှန်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်
Jul 31 • 3:12 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


