back

ဗီယက်နမ်၌ အချိန်ပို (OT) ဆင်းရန် အတင်းအကျပ် ခိုင်းစေသည့် စက်ရုံ၊ ကုမ္ပဏီများကို ဒေါ်လာ ၂,၈၅၀ အထိ ဒဏ်ရိုက်မည်ဖြစ်

Jul 31 • 3:11 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်၌ အချိန်ပို (OT) ဆင်းရန် အတင်းအကျပ် ခိုင်းစေသည့် စက်ရုံ၊ ကုမ္ပဏီများကို ဒေါ်လာ ၂,၈၅၀ အထိ ဒဏ်ရိုက်မည်ဖြစ်

ဗီယက်နမ် အစိုးရသည် အလုပ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အလုပ်ချိန် စည်းမျဉ်းများ လိုက်နာမှု ရှိစေရေးအတွက် အသစ်ထုတ်ပြန်လိုက်သည့် အမိန့်ဒီကရီ အမှတ် ၂၈၃ အရ ဥပဒေပါ သ...

ဗီယက်နမ် အစိုးရသည် အလုပ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အလုပ်ချိန် စည်းမျဉ်းများ လိုက်နာမှု ရှိစေရေးအတွက် အသစ်ထုတ်ပြန်လိုက်သည့် အမိန့်ဒီကရီ အမှတ် ၂၈၃ အရ ဥပဒေပါ သတ်မှတ်ချက်ထက် ကျော်လွန်၍ အချိန်ပို ခိုင်းစေသော သို့မဟုတ် အလုပ်သမား၏ သဘောတူညီချက်မပါဘဲ အချိန်ပိုဆင်းခိုင်းသည့် လုပ်ငန်းရှင်များကို ဗီယက်နမ်ဒေါင် ၇၅ သန်း (အမေရိကန်ဒေါ်လာ ၂,၈၅၀ ခန့်) အထိ ဒဏ်ငွေတပ်ရိုက်သွားမည်ဖြစ်သည်။လာမည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စတင်အကျုံးဝင်မည့် အဆိုပါ နည်းဥပဒေအသစ်အရ အလုပ်သမား သဘောတူညီချက်မပါဘဲ အချိန်ပို ခိုင်းစေပါက ဒေါင် ၂၀ သန်းမှ ၂၅ သန်းအထိ ဒဏ်ရိုက်မည်ဖြစ်သည်။ အချိန်ပို သတ်မှတ်ချက်ထက် ပိုမိုခိုင်းစေခြင်း၊ အဆိုင်းတစ်ခုနှင့်တစ်ခု အကြား သို့မဟုတ် အလုပ်ချိန်အတွင်း ဥပဒေအရ ပေးရမည့် နားချိန်များ မပေးခြင်းတို့အတွက် ထိခိုက်နစ်နာရသည့် အလုပ်သမား အရေအတွက်အပေါ် မူတည်၍ ဒေါင် ၅ သန်းမှ ၇၅ သန်းအထိ အဆင့်ဆင့် ဒဏ်ရိုက်သွားမည်ဖြစ်သည်။ ဗီယက်နမ် အလုပ်သမား ဥပဒေအရ ပုံမှန် အလုပ်ချိန်မှာ တစ်ရက်လျှင် ၈ နာရီနှင့် တစ်ပတ်လျှင် ၄၈ နာရီထက် မပိုရဘဲ အချိန်ပိုကိုလည်း တစ်လလျှင် နာရီ ၄၀ နှင့် တစ်နှစ်လျှင် နာရီ ၂၀၀ အထိသာ အများဆုံး ခွင့်ပြုထားသည်။

news-view-count-icon

12