ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် Sun Shade ပေါ်သို့ ရောက်ရှိပြီး ပြန်မဆင်းနိုင်ဖြစ်နေသည့် ကြောင်တစ်ကောင်အား မီးသတ်တပ်ဖွဲ့ဝင်များက ဘေးကင်းစွာ သွားရောက်ကယ်ဆယ်ပေးခဲ့သည်။မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စံရိပ်ငြိမ် (၆) လမ်းရှိ တိုက်ခန်း Sun Shade ပေါ်တွင် ကြောင်တစ်ကောင် တင်နေပြီး ပြန်မဆင်းနိုင်ဖြစ်နေသဖြင့် ပတ်ဝန်းကျင် ပြည်သူများ၏ ဆက်သွယ်အကူအညီတောင်းခံမှုကြောင့် ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ဘေးအန္တရာယ်ကင်းရှင်းစွာ ကယ်ဆယ်ပေးခဲ့ခြင်းဖြစ်သည်။မိဘပြည်သူများအနေဖြင့် မီးလောင်မှု၊ သဘာဝဘေးအန္တရာယ်များနှင့် အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ် (Hotline) 191 သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းလည်း အသိပေးထားသည်။
Jul 31 • 2:47 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 15 | 0 | 0 | 0 |


