ပြည်တွင်းထွက် ပြောင်းများကို ထိုင်းနိုင်ငံသို့ တင်ပို့ခွင့် သက်တမ်းတိုးပေးထားသော်လည်း လက်ရှိတွင် အရောင်းအဝယ် အေးစက်နေသဖြင့် ဈေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။
တင်ပို့ကာလ နီးကပ်စဉ်က ဈေးနှုန်းများ အလျင်အမြန် ထိုးတက်ခဲ့သော်လည်း သက်တမ်းတိုးလိုက်သည့်အခါ အရောင်းအဝယ် ပြန်လည်အေးစက်သွားပြီး ဈေးနှုန်း ထပ်မတက်နိုင်ဘဲ ဖြစ်နေသည်။ ထို့အပြင် လက်ရှိတွင် တောင်သူများ၏ လက်ထဲ၌လည်း ပြောင်းလက်ကျန် သိပ်မရှိတော့သဖြင့် ဈေးကွက် အခြေအနေကို စောင့်ကြည့်ရမည့် အနေအထား ဖြစ်နေသည်။ဘုရင့်နောင် ကုန်စည်ဒိုင်၏ အချက်အလက်များအရ ဇူလိုင်လဆန်းပိုင်းက ပြောင်းတစ်ပိဿာလျှင် ကျပ် ၁,၈၀၀ ကျော်အထိ ဈေးရရှိခဲ့သော်လည်း ဇူလိုင်လ ၂၈ ရက်နေ့တွင် တစ်ပိဿာလျှင် ကျပ် ၁,၇၄၀ မှ ၁,၇၆၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းသွားသည်။စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အခက်အခဲများ၊ နည်းပညာ အကြံဉာဏ်များ ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။


