back

ရန်ကုန်မြို့၌ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာ၍ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွား

Jul 31 • 2:42 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့၌ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာ၍ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွား

ရန်ကုန်မြို့တွင် နှစ်ရက်ဆက်တိုက် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အများအပြား၌ ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာပြီး ကားလမ်းမကြီးများ ရေကျေ...

ရန်ကုန်မြို့တွင် နှစ်ရက်ဆက်တိုက် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အများအပြား၌ ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာပြီး ကားလမ်းမကြီးများ ရေကျော်ကာ ယာဉ်ကြောများ ပိတ်ဆို့လျက် ရှိကြောင်းသိရသည်။မင်းဓမ္မလမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း (၈) မိုင်၊ ဝေဇယန္တာလမ်း၊ ရတနာလမ်း၊ သုဝဏ္ဏ၊ တောင်ဥက္ကလာပ၊ မြောက်ဒဂုံ၊ တာမွေနှင့် လှိုင်သာယာ အပါအဝင် မြို့နယ်အများအပြားရှိ လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း ရေဝင်ရောက်နေသည်။ စားသောက်ဆိုင်၊ လူနေအိမ်နှင့် စာသင်ကျောင်းအချို့ ရေဝင်ရောက်သဖြင့် မြောက်ဒဂုံမြို့နယ်ရှိ အ.မ.က (၅) ကျောင်းအပါအဝင် ကျောင်းအချို့တွင် ကျောင်းသားများကို စောစီးစွာ ပြန်လွှတ်ပေးခဲ့ရသည်။မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ တာဝန်ရှိသူများ၏ ပြောကြားချက်အရ လက်ရှိ ရေကြီးမှုသည် မုတ်သုံလေ အားကောင်းနေခြင်း၊ ပင်လယ်ဒီရေ တက်သည့်အချိန်နှင့် ကြုံတွေ့၍ မိုးရေများ မြစ်တွင်းသို့ မဆင်းနိုင်ခြင်းတို့အပြင် ရေနုတ်မြောင်းများတွင် အမှိုက်များ ပိတ်ဆို့နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

32