back

ရှမ်းပြည်နယ် အောင်ပန်းဈေးကွက်၌ ငရုတ်ပွဈေး ပြန်တက်လာပြီး ခရမ်းချဉ်ဈေး ဆက်လက်ကျဆင်း

Jul 31 • 2:09 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် အောင်ပန်းဈေးကွက်၌ ငရုတ်ပွဈေး ပြန်တက်လာပြီး ခရမ်းချဉ်ဈေး ဆက်လက်ကျဆင်း

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့၏ ယမန်နေ့ ကုန်စည်ဈေးကွက် အချက်အလက်များအရ ပြီးခဲ့သည့်လများက ဈေးကွက်ပျက်ခါနီးအထိ ဈေးထိုးကျခဲ့သည့် ငရုတ်ပွဈေးနှုန်းမှာ သိ...

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့၏ ယမန်နေ့ ကုန်စည်ဈေးကွက် အချက်အလက်များအရ ပြီးခဲ့သည့်လများက ဈေးကွက်ပျက်ခါနီးအထိ ဈေးထိုးကျခဲ့သည့် ငရုတ်ပွဈေးနှုန်းမှာ သိသိသာသာ ပြန်လည်မြင့်တက်လာကြောင်း သိရသည်။ဇွန်လအတွင်းက တစ်ပိဿာလျှင် ၅၀၀ မှ ၇၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့သဖြင့် တောင်သူအချို့ စိုက်ခင်းများ ဖျက်ဆီးခဲ့ရသည်အထိ ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ကုန်အဝင်နည်းသွားပြီး ဝယ်လိုအား ပြန်တက်လာသောကြောင့် ငရုတ်ပွ ရှယ်တစ်ပိဿာလျှင် ၃,၅၀၀ ကျပ်နှင့် အလတ်တစ်ပိဿာလျှင် ၃,၀၀၀ ကျပ်အထိ ဈေးပြန်ရလာခဲ့သည်။တစ်ဖက်တွင်မူ ခရမ်းချဉ်သီးမှာ အဝင်များပြားနေ၍ ဈေး ဆက်လက်ကျဆင်းနေပြီး ဂွတ်သီးတစ်ပိဿာ ၁,၈၀၀ ကျပ်၊ ရှယ်သီး ၁,၅၀၀ ကျပ်နှင့် အသေးသီး ၁,၃၀၀ ကျပ်သာ ရရှိတော့သည်။ လက်ရှိ အောင်ပန်းဈေးကွက်အတွင်း လက်ဖက်ခြောက်၊ ရှမ်းပွခြောက်၊ ရွှေပဲရှယ်နှင့် နနွင်းတက်တို့ ဈေးကောင်းရရှိနေပြီး မုံညှင်း၊ ကျောက်ဖရုံသီး၊ ခရမ်းချဉ်သီးနှင့် ပြောင်းဆံတို့မှာ ဈေးနှုန်းနိမ့်ကျလျက် ရှိသည်။

news-view-count-icon

18