back

လျှပ်စစ်မီတာအသစ်များကို Website မှတစ်ဆင့် ဩဂုတ် ၁၅ ရက်တွင် စတင်လျှောက်ထားနိုင်မည်ဖြစ်

Jul 31 • 2:45 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

လျှပ်စစ်မီတာအသစ်များကို Website မှတစ်ဆင့် ဩဂုတ် ၁၅ ရက်တွင် စတင်လျှောက်ထားနိုင်မည်ဖြစ်

လျှပ်စစ်ဓာတ်အား သုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် ပြည်သူများအတွက် လျှပ်စစ်မီတာအသစ်များကို လာမည့် ဩဂုတ် ၁၅ ရက်နေ့မှ စတင်၍ Website မှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြ...

လျှပ်စစ်ဓာတ်အား သုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် ပြည်သူများအတွက် လျှပ်စစ်မီတာအသစ်များကို လာမည့် ဩဂုတ် ၁၅ ရက်နေ့မှ စတင်၍ Website မှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ယခု လျှောက်ထားမှုတွင် အိမ်သုံးမီတာများအပြင် စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး လျှပ်စစ်မီတာအသစ်များကိုပါ ပါဝင် လျှောက်ထားနိုင်မည်ဖြစ်သည်။

ပွဲစားများနှင့် ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုကို ဖယ်ရှားရန်၊ မီတာများ လျှင်မြန်စွာ ရရှိစေရန်နှင့် အချိန်နှင့် စရိတ်စက သက်သာစေရန်အတွက် Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက် လျှောက်ထားနိုင်ရေး စီစဉ်ခြင်းဖြစ်သည်။ထို့ပြင် လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အအုံများ စဉ်ဆက်မပြတ် ထိန်းသိမ်းရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် သတ်မှတ်ထားသည့် တရားဝင် အခကြေးငွေများကိုသာ ပေးသွင်းရမည်ဖြစ်ပြီး၊ ကျသင့်ငွေများကို မည်သည့် အပိုကုန်ကျစရိတ်မျှ ထပ်မံပေးရန်မလိုဘဲ သတ်မှတ်ထားသည့် Account သို့ Online မှတစ်ဆင့် တိုက်ရိုက် ပေးသွင်းရမည်ဖြစ်သည်။

news-view-count-icon

22