ဂျပန်နိုင်ငံ၊ ဖူကူဒါမြို့၌ လာမည့် ဩဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် U-12 Junior Soccer World Challenge ပြိုင်ပွဲတွင် မြန်မာ ယူ-၁၂ လူငယ်အသင်းသည် အုပ်စု (I) ၌ ဂျပန် ဘောလုံးအကယ်ဒမီ အသင်းများနှင့်အတူ ကျရောက်နေသည်။ယခုပြိုင်ပွဲတွင် စုစုပေါင်း ယူ-၁၂ လူငယ်အသင်း ၄၀ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ၄ သင်းစီပါဝင်သော ၁၀ အုပ်စု ခွဲခြားထားသည်။ မြန်မာ ယူ-၁၂ အသင်းသည် အုပ်စု (I) ၌ ဂျပန်အကယ်ဒမီများဖြစ်သည့် အူရာဝါရက်ဒိုင်းမွန်း၊ လီဘာတာဖူကူအိုကာ၊ ရှိုနန်ဘယ်မားရီ တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ပွဲစဉ်များအနေဖြင့် ဩဂုတ် ၂၁ ရက်တွင် လီဘာတာဖူကူအိုကာ အသင်းနှင့် လည်းကောင်း၊ ဩဂုတ် ၂၂ ရက်တွင် အူရာဝါရက်ဒိုင်းမွန်း အသင်း၊ ရှိုနန်ဘယ်မားရီ အကယ်ဒမီ အသင်းတို့နှင့် လည်းကောင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) မှ နှစ်စဉ်ကျင်းပသည့် ယခုပြိုင်ပွဲသို့ မြန်မာ ယူ-၁၂ အသင်းသည် ၂၀၂၃ ခုနှစ်မှစ၍ နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲတွင် ဂျပန်နိုင်ငံတစ်ဝှမ်းမှ အကယ်ဒမီများအပြင် စပိန် နာမည်ကြီးကလပ် ဘာစီလိုနာ ယူ-၁၂ အသင်း၊ ဂျပန်အခြေစိုက် ဘာစီလိုနာအကယ်ဒမီ ယူ-၁၂ အသင်းနှင့် ထိုင်ဝမ် ယူ-၁၂ အသင်းတို့လည်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
Jul 31 • 2:03 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


