back

တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ် ရထား စတင်အသုံးပြု

Jul 31 • 1:55 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ် ရထား စတင်အသုံးပြု

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့ ယွမ်ဟိုင်ဆိပ်ကမ်းတွင် ပြည်တွင်း၌ ပထမဆုံးဖြစ်သည့် “ကမ်းရိုးတန်းနှင့် ထောင့်မှန်ကျသော၊ သင်္ဘောဆိပ်သို့ တိုက်ရိုက်ရောက်ရှိသေ...

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့ ယွမ်ဟိုင်ဆိပ်ကမ်းတွင် ပြည်တွင်း၌ ပထမဆုံးဖြစ်သည့် “ကမ်းရိုးတန်းနှင့် ထောင့်မှန်ကျသော၊ သင်္ဘောဆိပ်သို့ တိုက်ရိုက်ရောက်ရှိသော” ပင်လယ်-ရထား ပူးတွဲ သယ်ယူပို့ဆောင်ရေး အထူးရထားလမ်း (Xiamen Yuanhai Port Railway Line) ကို စတင်ပြေးဆွဲလိုက်ပြီဖြစ်သည်။အဆိုပါ ရထားလမ်းသည် တရုတ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ပေါင်းစည်းမှု မြှင့်တင်သည့် ပထမဆုံးအသုတ် အဓိကစီမံကိန်းများအနက် တစ်ခုဖြစ်ပြီး စုစုပေါင်း ၁,၅၈၆ မီတာ ရှည်လျားသည်။ နှစ်စဉ် စံကွန်တိန်နာ ၂၅၀,၀၀၀ TEUs နှင့် အထွေထွေကုန်စည် ၂၅၀,၀၀၀ တန်ချိန် အဝင်အထွက် လက်ခံဆောင်ရွက်နိုင်ရန် ဒီဇိုင်းရေးဆွဲထားသည်။ရထားလမ်းနှင့် ကမ်းရိုးတန်းကို ထောင့်မှန်အသွင် ဖောက်လုပ်ထားကာ ဆိပ်ကမ်း၏ အဓိက လုပ်ငန်းခွင်ဧရိယာ အတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်ထားသည်။ ဆိပ်ကမ်း အရှေ့စွန်းနှင့် ၇၀ မီတာသာ ကွာဝေးသဖြင့် ကုန်ပစ္စည်းများကို ဆိပ်ကမ်းမှ ရထားပေါ်သို့ တိုက်ရိုက်တင်ဆောင်၍ ထိရောက်စွာ ပို့ဆောင်နိုင်တော့မည် ဖြစ်သည်။

news-view-count-icon

12