back

တရုတ်နိုင်ငံမှ အချက်အလက်ထပ်ဆင့်လွှင့်ဂြိုဟ်တုအသစ် Tianlian III-01 ကို အာကာသထဲသို့ လွှတ်တင်

Jul 31 • 1:53 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံမှ အချက်အလက်ထပ်ဆင့်လွှင့်ဂြိုဟ်တုအသစ် Tianlian III-01 ကို အာကာသထဲသို့ လွှတ်တင်

တရုတ်နိုင်ငံသည် အချက်အလက်ထပ်ဆင့်လွှင့်ဂြိုဟ်တုအသစ်ဖြစ်သည့် Tianlian III-01 ကို တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်၊ ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးစခန်းမှ ယမန်နေ့ ပေ...

တရုတ်နိုင်ငံသည် အချက်အလက်ထပ်ဆင့်လွှင့်ဂြိုဟ်တုအသစ်ဖြစ်သည့် Tianlian III-01 ကို တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်၊ ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးစခန်းမှ ယမန်နေ့ ပေကျင်းစံတော်ချိန် ည ၇ နာရီ ၅၀ မိနစ်တွင် ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ပို့ဆောင်ခဲ့သည်။အဆိုပါ ဂြိုဟ်တုကို Long March-7A သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့သည်။Tianlian III-01 ဂြိုဟ်တုကို လူလိုက်ပါသည့် အာကာသယာဉ်များ၊ အာကာသစခန်းများနှင့် ကမ္ဘာပတ်လမ်းကြောင်း အလယ်အလတ်/အနိမ့် ရင်းမြစ်ဂြိုဟ်တုများအတွက် အချက်အလက် ပြန်လည်ပို့ဆောင်ရေးနှင့် TT&C (အချက်အလက်များ မြေပြင်သို့ပို့ခြင်း၊ ဂြိုဟ်တုတည်နေရာရှာခြင်းနှင့် အချက်အလက်ပို့ခြင်း) ဝန်ဆောင်မှုများ ပံ့ပိုးပေးရန် အဓိက အသုံးပြုမည်ဖြစ်သည်။ ယခုလွှတ်တင်မှုသည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံများ၏ ၆၅၉ ကြိမ်မြောက် မစ်ရှင်လည်း ဖြစ်သည်။

news-view-count-icon

19