back

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ရှိ မြစ်ကျိုးရေကာတာ ကျိုးပေါက်သွားခဲ့

Jul 31 • 1:39 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ရှိ မြစ်ကျိုးရေကာတာ ကျိုးပေါက်သွားခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့အနီး မြစ်ကျိုးကျေးရွာရှိ ရေကာတာတမံတစ်ခု နိမ့်ဆင်းကျိုးပေါက်မှု ဖြစ်ပွားခဲ့သဖြင့် ကျွန်းတဲ၊ မြစ်ကျိုးနှင့် အမှတ် (၅) ရပ်ကွက် ...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့အနီး မြစ်ကျိုးကျေးရွာရှိ ရေကာတာတမံတစ်ခု နိမ့်ဆင်းကျိုးပေါက်မှု ဖြစ်ပွားခဲ့သဖြင့် ကျွန်းတဲ၊ မြစ်ကျိုးနှင့် အမှတ် (၅) ရပ်ကွက် အပါအဝင် အနီးဝန်းကျင်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ စတင်ရွှေ့ပြောင်းနေကြကြောင်း သိရသည်။ဖြစ်စဉ်မှာ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းအုပ်စု၊ မြစ်ကျိုးကျေးရွာရှိ တာမိုင် (၂၅/၃) တွင် သဲဗွက်ဖြစ်ပေါ်ကာ အလျား ပေ ၃၀၊ အမြင့် ၅ ပေခန့် နိမ့်ဆင်းသွားခြင်းဖြစ်သည်။ မြို့နှင့် ၁ မိုင်ခွဲခန့်သာ ဝေးကွာသည့် အဆိုပါနေရာ၌ တာအောက်မှ ရေများ စီးထွက်နေသည်ကို တွေ့ရှိရပြီး မြို့မိမြို့ဖများက တာတမံကျိုးပေါက်မှုကို အတည်ပြုထားကာ လူမှုကွန်ရက်မှတစ်ဆင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် နှိုးဆော်လျက်ရှိသည်။မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ တာထပ်မံ နိမ့်ဆင်းမှု မရှိစေရန်အတွက် တုတ်ရိုက်ခြင်း၊ ကျောက်ချခြင်း၊ သဲဖို့ခြင်း၊ သဲအိတ်စီခြင်းနှင့် သဲမြေဖို့ခြင်းစသည့် အရေးပေါ် ကာကွယ်ရေး လုပ်ငန်းများကို ညပိုင်းအထိ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

news-view-count-icon

32