back

တောင်ကိုရီးယား ဂျဲချွန်းမြို့ရှိ နာမည်ကျော် တောတောင်လမ်းလျှောက်စခန်းက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်လျက်ရှိ

Jul 30 • 6:35 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား ဂျဲချွန်းမြို့ရှိ နာမည်ကျော် တောတောင်လမ်းလျှောက်စခန်းက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်လျက်ရှိ

တောင်ကိုရီးယားနိုင်ငံ ချုန်းချောင်းဘုဒိုပြည်နယ်၊ ဂျဲချွန်း (Jecheon) မြို့ရှိ "ခယောင်းဖုန်းဟို ဂျာဒရက်ဂေးလ်" (Cheongpungho Jadrakgil) တောတောင် လမ်းလျှောက်စခန်းသ...

တောင်ကိုရီးယားနိုင်ငံ ချုန်းချောင်းဘုဒိုပြည်နယ်၊ ဂျဲချွန်း (Jecheon) မြို့ရှိ "ခယောင်းဖုန်းဟို ဂျာဒရက်ဂေးလ်" (Cheongpungho Jadrakgil) တောတောင် လမ်းလျှောက်စခန်းသည် သဘာဝအတိုင်း ထိန်းသိမ်းထားသည့် လမ်းကြောင်း ၇ ခုပါဝင်ပြီး နှစ်စဉ် ခရီးသွား သန်း ၁၀ ကျော်ကို ဆွဲဆောင်လျက်ရှိသည်။အဆိုပါ ၅၈ ကီလိုမီတာရှည်လျားသော လမ်းကြောင်းကို ယဉ်ကျေးမှု လမ်းညွှန် လီဆွန်းယော (Lee Sun-yeo) က မြို့နယ်အစိုးရနှင့် ပူးပေါင်း၍ ၂၀၁၀ ပြည့်နှစ်မှစတင်ကာ သဘာဝဝန်းကျင်ကို ပျက်စီးမှုမရှိစေဘဲ တောလမ်းကျဉ်းများကို ဆက်သွယ်ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဂျဲချွန်းမြို့နယ် အာဏာပိုင်များအနေဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန်အတွက် ခရီးစရိတ် အထူးလျှော့စျေး အစီအစဉ်များ၊ တိုင်းရင်းဆေးဖက်ဝင် အစားအသောက် ခရီးစဉ်များနှင့် လမ်းလျှောက်စခန်းများကို ဆက်သွယ်ပေးသည့် စီမံကိန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

news-view-count-icon

15