အခြေခံပညာကျောင်းသားကျောင်းသူတိုင်းကို အာဟာရဖြည့်တင်းရေးအစီအစဉ်အဖြစ် ကြက်ဥ ၁ လုံး၊ နွားနို့ ၁ ခွက်နှင့် ငှက်ပျောသီး ၁ လုံးတို့ကို တစ်ပတ်လျှင် တစ်ကြိမ် သက်ဆိုင်ရာကျောင်းသားမိဘများ၏ ကိုယ်ပိုင်စရိတ်ဖြင့် ကျွေးမွေးကြရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။ထို့အပြင် ကျောင်းတိုင်းတွင် မြေပိုရှိပါက တစ်သျှူးငှက်ပျောများကို စိုက်ပျိုးရမည်ဖြစ်ကာ မြေပိုမရှိပါက အခြားစိုက်ခင်းများတွင် ပူးပေါင်းပါဝင်ရမည်ဖြစ်သည်။ ထို့ပြင် နွားနို့များ ရရှိရေးအတွက် တိုင်းနှင့်ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် နို့စားနွား မွေးမြူရေးလုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းစီမံကိန်းများတွင် ကျောင်းများနှင့် ဆရာ၊ ဆရာမများ ပါဝင်ရမည်ဟု ဆိုသည်။လက်ရှိတွင် ကျောင်းများ၌ အဆိုပါ အာဟာရဖြည့်စွက်စာ အစီအစဉ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ကာ အိမ်မှ တိုက်ရိုက် ယူဆောင်လာခိုင်းခြင်းနှင့် ကျောင်းတွင်းစိုက်ခင်းများမှ ဖြန့်ဝေခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။ ယင်းကဲ့သို့ ကျွေးမွေးနေမှုများကို အပတ်စဉ် ဓာတ်ပုံမှတ်တမ်း ရိုက်ကူးကာ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်သို့ တင်ပြရကြောင်း သိရသည်။
အခြေခံပညာကျောင်းများ၌ ကြက်ဥ ၁ လုံး၊ နွားနို့ ၁ ခွက်နှင့် ငှက်ပျောသီး ၁ လုံးတို့ကို တစ်ပတ်လျှင် တစ်ကြိမ်ကျောင်းသားမိဘများ၏ ကိုယ်ပိုင်စရိတ်ဖြင့် ကျွေးမွေးကြရန် ညွှန်ကြား
Jul 30 • 5:58 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 48 | 0 | 0 | 0 |


