မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာတွင် နှစ်စဉ် ကျင်းပလေ့ရှိသည့် တောင်ပြုံးပွဲတော်ကို လာမည့် ဩဂုတ် ၂၁ ရက် (ဝါခေါင်လဆန်း ၈ ရက်) မှ စတင်၍ ၈ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီက ထုတ်ပြန်ထားသည်။ကိုဗစ်-၁၉ အလွန် နှစ်အတော်ကြာ ကောင်းစွာ မကျင်းပနိုင်ခဲ့သည့်အတွက် ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အစည်ကားဆုံး ပွဲတော်ဖြစ်စေရန် တာဝန်ရှိသူများနှင့် နတ်ဒေဝါအကျိုးဆောင်များက အစွမ်းကုန် ပြင်ဆင်လျက်ရှိသည်။ ပွဲတော်အတွင်း ဇာတ်သဘင် ၃ ဇာတ်အပြင် ပွဲဈေးတန်းနှင့် နတ်သဘင် အခမ်းအနားများကိုလည်း အကြီးအကျယ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ရှေးနှစ်ပေါင်း ၁၀၀ ကျော်ကတည်းက ကျင်းပခဲ့သည့် အဆိုပါပွဲတော်တွင် နတ်သဘင်ညီလာခံ၊ မင်းနှစ်ပါး ချိုးရေတော်သုံးပွဲ၊ နန်းတက်ပွဲ၊ ယုန်ထိုးပွဲ၊ ထိန်ပင်ခုတ်ပွဲ စသည့် အခမ်းအနားများ ပါဝင်ပြီး မင်းနှစ်ပါး ချိုးရေတော်သုံးသည့်နေ့မှာ ပွဲတော်တစ်ခုလုံး၏ အစည်ကားဆုံးနေ့ ဖြစ်သည်။
Jul 30 • 4:47 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 21 | 0 | 0 | 0 |


