ရခိုင်ပြည်နယ်မှ ထွက်ရှိသော ငါးသလောက်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဈေးကွက်ဝယ်လိုအား ကောင်းမွန်နေပြီး မည်သည့်အချိန်မဆို လက်ခံဝယ်ယူလျက်ရှိကြောင်း ဒေသတွင်း ကုန်သည်များထံမှ သိရသည်။စီးပွားရေးသမားများအနေဖြင့် ရခိုင်စီးပွားရေး ပြန်လည်နလန်ထူနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် တင်ပို့နေကြပြီး ငါးသလောက်အပြင် စူပါဆိုက် (Super size) ပုဇွန်ကျားများကိုလည်း ဝယ်ယူမှုများ ရှိနေသည်။ သို့သော် ဖမ်းဆီးရမိသည့် ပုဇွန်များ အလုံးအရင်းဖြင့် ပို့ဆောင်မှုကြောင့် ဈေးနှိမ်ခံရသည့် အခြေအနေများ ရှိခဲ့သဖြင့် ရေရှည်တည်တံ့သော စနစ်ကျသည့် နှစ်ဦးနှစ်ဖက် ကုန်သွယ်မှုမျိုး ဖြစ်စေလိုကြောင်း ကုန်သည်များက ပြောဆိုသည်။လက်ရှိတွင် ရခိုင်မှ တင်ပို့သည့် ငါးသလောက်၊ ကကစ်တစ် (ငါးသတစ်)၊ ရူးဇနားငါး (ငါးမုတ်)၊ စူပါဆိုက် ပုဇွန်နှင့် ကဏန်းများကို ဘင်္ဂလားဒေ့ရှ်ရှိ စက်ရုံများက သေချာစွာ ထုပ်ပိုး၍ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာဈေးကွက်သို့ ပြန်လည်တင်ပို့လျက်ရှိကြောင်း သိရသည်။
Jul 30 • 4:19 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 20 | 0 | 0 | 0 |


