back

စစ်ကိုင်းတိုင်း၊မုံရွာ၌ ကာလရှည်ကြာ လာရောက်သူမရှိသည့် မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်တွင် ဝါဆိုလပြည့်နေ့၌ ဘုရားဖူးများ ပြန်လည်စည်ကား

Jul 30 • 3:54 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊မုံရွာ၌ ကာလရှည်ကြာ လာရောက်သူမရှိသည့် မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်တွင် ဝါဆိုလပြည့်နေ့၌ ဘုရားဖူးများ ပြန်လည်စည်ကား

စစ်ကိုင်းတိုင်း၌ နယ်မြေမတည်ငြိမ်မှုများကြောင့် ကာလရှည်ကြာ ဘုရားဖူးလာရောက်သူ နည်းပါးခဲ့သည့် မုံရွာမြို့တောင်ဘက်ရှိ ကမ္ဘာကျော် မိုးညှင်းသမ္ဗုဒ္ဓေ စေတီတော်ကြီးသို့...

စစ်ကိုင်းတိုင်း၌ နယ်မြေမတည်ငြိမ်မှုများကြောင့် ကာလရှည်ကြာ ဘုရားဖူးလာရောက်သူ နည်းပါးခဲ့သည့် မုံရွာမြို့တောင်ဘက်ရှိ ကမ္ဘာကျော် မိုးညှင်းသမ္ဗုဒ္ဓေ စေတီတော်ကြီးသို့ ယနေ့ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် မုံရွာမြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဘုရားဖူးပြည်သူများ အမြောက်အများ ပြန်လည်လာရောက် ဖူးမြော်ကြကြောင်း သိရသည်။ယခု ဝါဆိုလပြည့်နေ့တွင် မုံရွာမြို့ပေါ်နှင့် ဝန်းကျင်ဒေသခံများက လမ်းကြောင်းအခြေအနေများကို စုံစမ်း၍ ကား၊ ဆိုင်ကယ်၊ သုံးဘီး (အိုးဝေ)၊ ဆိုက်တွဲနှင့် မြင်းလှည်းများဖြင့် လာရောက်ဖူးမြော်ကြသဖြင့် ဈေးသည်များလည်း ပြန်လည်ရောင်းချနိုင်ခဲ့ကြသည်။မိုးညှင်းသမ္ဗုဒ္ဓေ စေတီတော်ကြီးကို သက္ကရာဇ် ၁၃၀၁ ခုနှစ်တွင် မိုးညှင်းဆရာတော်ကြီး၏ စိတ်ကူးဖြင့် မိုးညှင်းတောရတိုက်အတွင်း အင်ဂျင်နီယာမပါဘဲ စတင်တည်ဆောက်ခဲ့ရာ ၁၃၁၄ ခုနှစ်တွင် ပြီးစီးခဲ့သည့် သမိုင်းဝင် တည်ထားကိုးကွယ်မှုတစ်ခု ဖြစ်သည်။

news-view-count-icon

16