back

စင်ကာပူဗဟိုဘဏ် (MAS)က ရင်းနှီးမြှုပ်နှံမှု အမြတ်ငွေများကြောင့် ၂၀၂၅/၂၆ ဘဏ္ဍာရေးနှစ် တွင်ဒေါ်လာ ဘီလီယံ ၂၀ အသားတင်အမြတ်ရရှိ

Jul 30 • 3:13 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူဗဟိုဘဏ် (MAS)က ရင်းနှီးမြှုပ်နှံမှု အမြတ်ငွေများကြောင့် ၂၀၂၅/၂၆ ဘဏ္ဍာရေးနှစ် တွင်ဒေါ်လာ ဘီလီယံ ၂၀ အသားတင်အမြတ်ရရှိ

စင်ကာပူ ဗဟိုဘဏ် (Monetary Authority of Singapore - MAS) သည် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့သည့် ဘဏ္ဍာရေးနှစ် (FY2025/26) အတွက် စင်ကာပူဒေါ်လာ ဘီလီယံ ၂...

စင်ကာပူ ဗဟိုဘဏ် (Monetary Authority of Singapore - MAS) သည် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့သည့် ဘဏ္ဍာရေးနှစ် (FY2025/26) အတွက် စင်ကာပူဒေါ်လာ ဘီလီယံ ၂၀ (မလေးရှားရင်းဂစ် ၆၃.၂ ဘီလီယံခန့်) အသားတင်အမြတ် ရရှိခဲ့ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြထားသည်။ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေးဈေးကွက်များ ကောင်းမွန်ခဲ့ခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ စင်းကာပူဒေါ်လာ ၃၉.၈ ဘီလီယံ ရရှိခဲ့သော်လည်း စင်ကာပူဒေါ်လာ တန်ဖိုးတက်လာမှုကြောင့် စင်းကာပူဒေါ်လာ ၁၆.၄ ဘီလီယံ ငွေလဲနှုန်း ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ခြင်း၊ ငွေကြေးဈေးကွက် လည်ပတ်မှုစရိတ် ၁.၀ ဘီလီယံနှင့် အစိုးရ ဘဏ္ဍာရန်ပုံငွေသို့ ထည့်ဝင်ငွေ ၁.၀ ဘီလီယံတို့ ပေးဆောင်ခဲ့ရခြင်းကြောင့် အသားတင်အမြတ် ဘီလီယံ ၂၀ ကျန်ရှိခဲ့ခြင်းဖြစ်သည်။ ယခုရရှိသည့် အမြတ်ငွေထဲမှ စင်ကာပူဒေါ်လာ ၂.၅ ဘီလီယံကို အစိုးရထံ ထပ်မံလွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ပြီး၊ ကျန်ရှိသည့် ပမာဏသည် လွန်ခဲ့သည့် နှစ်များက ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှုများကို ကာမိစေမည်ဖြစ်သည်။

news-view-count-icon

18