ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ကလေးငယ်များအား အသိစိတ်မဲ့အောင် ဆေးနှင့် ဆန်အရက် ရောတိုက်၍ လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူး ရောင်းချခဲ့သည့် ကိုမျိုးမင်းထွန်းဆိုသူအား လူကုန်ကူး အမြတ်ထုတ်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် (၄၀) ချမှတ်လိုက်ကြောင်း နိုင်ငံပိုင် သတင်းစာများ၏ ထုတ်ပြန်ချက်အရ သိရသည်။တရားခံ ကိုမျိုးမင်းထွန်းသည် ကလေးငယ်များအား မူးယစ်စေသည့် ဆေးနှင့် အရက်များ တိုက်ကျွေးကာ အသိစိတ်မဲ့အောင် ပြုလုပ်ပြီး လိင်တူဆက်ဆံခိုင်းခဲ့သည့်အပြင် ထိုသို့ ရိုက်ကူးထားသော ဗီဒီယိုများကို Telegram မှတစ်ဆင့် ငွေကြေးယူ၍ ပြန်လည်ရောင်းချ အမြတ်ထုတ်ခဲ့ကြောင်း ပြစ်မှု ထင်ရှားသဖြင့် ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ ကလေးငယ်များအား လိင်အကြမ်းဖက် ဗီဒီယိုရိုက်ကူး ရောင်းချသူကို အလုပ်နှင့် ထောင်ဒဏ် နှစ် ၄၀ ချမှတ်
Jul 30 • 3:35 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 32 | 0 | 0 | 0 |


