back

အမေရိကန်ပြည်ထောင်စု LAX လေဆိပ်၌ မြန်မာကျောင်းသူ ၃ ဦး ဖမ်းဆီးခံရကာ တစ်ဦး Texas သို့ ပြောင်းရွှေ့ခံရ

Jul 30 • 3:12 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်ပြည်ထောင်စု LAX လေဆိပ်၌ မြန်မာကျောင်းသူ ၃ ဦး ဖမ်းဆီးခံရကာ တစ်ဦး Texas သို့ ပြောင်းရွှေ့ခံရ

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ် အပြည်ပြည်ဆိုင်ရာလေဆိပ် (LAX) တွင် မြန်မာကျောင်းသူ ၃ ဦး ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က အမည်တပ် ခေါ်ယူဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်နှင့...

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ် အပြည်ပြည်ဆိုင်ရာလေဆိပ် (LAX) တွင် မြန်မာကျောင်းသူ ၃ ဦး ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က အမည်တပ် ခေါ်ယူဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းများ ထွက်ပေါ်လာသည်။ တက္ကဆပ်သို့ ရောက်ရှိသွားသူ မမွန်၏ သတင်းကို မသိရသေးသော်လည်း ကယ်လီဖိုးနီးယားတွင် ထိန်းသိမ်းခံထားရသည့် မနိုင်နှင့် မထက် တို့ ၂ ဦးမှာမူ ပြင်ပနှင့် ပြန်လည် အဆက်အသွယ် ရရှိနေပြီဖြစ်ကာ မြန်မာကျောင်းသားသမဂ္ဂများနှင့် ကွန်မြူနတီအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးလျက် ရှိသည်။လေယာဉ်လက်မှတ် ဝယ်ယူရာတွင် ပါဝင်သော အမည်နှင့် မွေးသက္ကရာဇ်တို့မှတစ်ဆင့် TSA သို့ သတင်းရောက်ရှိကာ ဘော်ဒင်ပတ်စ် စစ်ဆေးချိန် သို့မဟုတ် လေယာဉ်ပေါ်အထိ အာဏာပိုင်များ (ICE) က လာရောက်ဖမ်းဆီးသည့် ဖြစ်စဉ်များ ရှိနေသဖြင့် ဗီဇာနှင့် နေထိုင်ခွင့် အခြေအနေ မခိုင်မာပါက လေကြောင်းခရီးစဉ်များကို သတိပြု ရှောင်ရှားရန် တိုက်တွန်းထားသည်။အကယ်၍ အဖမ်းခံရပါက ပေးလာသော စာရွက်စာတမ်းများနှင့် ဖောင်များတွင် စည်းကမ်းမရှိ အလွယ်တကူ လက်မှတ်မထိုးဘဲ ရှေ့နေနှင့် ချက်ချင်း ဆက်သွယ်၍ အာမခံ (Bond) ဖြင့် အပြင်ထွက်ကာ တရားရုံးတွင် ရင်ဆိုင်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။ လက်လျှော့၍ လွယ်လွယ်ဖြင့် ပြန်ရန် မတွေးဘဲ ဖုန်းဆက်သွယ်ခွင့် ရပါက နားလည်တတ်ကျွမ်းသူများ၊ သက်တမ်းကြာ မြန်မာကွန်မြူနတီနှင့် အမေရိကန် နိုင်ငံသား/ရှေ့နေများထံ အကူအညီတောင်းခံရန် လိုအပ်သည်။ အဆင့်မခိုင်သေးသော သူငယ်ချင်းများကို ဆက်သွယ်ပါက နောက်ဆက်တွဲ အခက်အခဲများ ဖြစ်လာနိုင်သဖြင့် သတိပြုရမည်ဖြစ်ပြီး ဖမ်းဆီးခံရခြင်းသည် ရှက်စရာမဟုတ်ဘဲ ဥပဒေအတိုင်း ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်ရန် တိုက်တွန်းထားသည်။

news-view-count-icon

23