back

ဝါဆိုလပြည့်နေ့တွင် တောင်ကြီးမြို့ တောင်ပေါ်ဘုရားနှင့် စူဠာမုနိစေတီတော်၌ ဘုရားဖူးလာရောက်သူများပြား

Jul 30 • 3:11 AM

breaking-news

မြန်မာ

ရှမ်း

cover

ဝါဆိုလပြည့်နေ့တွင် တောင်ကြီးမြို့ တောင်ပေါ်ဘုရားနှင့် စူဠာမုနိစေတီတော်၌ ဘုရားဖူးလာရောက်သူများပြား

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့် ဇူလိုင် ၂၉ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ တောင်ပေါ်ဘုရားနှင့် စူဠာမုနိ လောကချမ်းသာစေတီတော်တို့သ...

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့် ဇူလိုင် ၂၉ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ တောင်ပေါ်ဘုရားနှင့် စူဠာမုနိ လောကချမ်းသာစေတီတော်တို့သို့ ဘုရားဖူး ကုသိုလ်ပြုလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏ အလေးထားရာ နေ့ထူးရက်မြတ်တစ်ရက်ဖြစ်ပြီး ဂေါတမဘုရားလောင်း ပဋိသန္ဓေတည်ခြင်း၊ တောထွက်တော်မူခြင်းနှင့် ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက် ဓမ္မစကြာတရားဦး ဟောကြားတော်မူခဲ့သည့် ထူးခြားသည့်နေ့မြတ်ဖြစ်သောကြောင့် ဒေသခံများနှင့် ဘုရားဖူးပြည်သူများ အစဉ်အလာမပျက် လာရောက်ဖူးမြော် ကုသိုလ်ယူကြခြင်းဖြစ်သည်။

news-view-count-icon

22