ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁၂ နာရီခန့်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်ကော်အဝင် ရန်ကုန်-မော်လမြိုင် ကားလမ်း၊ ဇီးသီးရေကူးကန်အနီးတွင် ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ကားသုံးစီး ဆင့်တိုက်မိခဲ့သည်။အဆိုပါ ယာဉ်တိုက်မှုကြောင့် Probox အမျိုးအစား ကားပေါ်ပါလာသူ ၉ ဦးနှင့် ကြက်တင်ကားပေါ်ပါလာသူ ၃ ဦး၊ စုစုပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများကို ပီတီနှလုံးသား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က မြေပြင်ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံမှတစ်ဆင့် သထုံဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


