နီကာရာဂွါသမ္မတနိုင်ငံ၊ မာနာဂွါမြို့တွင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးကို ယမန်နေ့က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။အဆိုပါ သံရုံးဖွင့်ပွဲ အခမ်းအနားသို့ နီကာရာဂွါ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အာလင် အလွန်ဆို၊ ပူးတွဲနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး၊ ရဲချုပ်အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်နှင့် နီကာရာဂွါ အစိုးရတာဝန်ရှိသူများက အမှာစကား ပြောကြားခဲ့ကြသည်။နီကာရာဂွါနိုင်ငံသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်သည့် ၁၂၄ ခုမြောက် နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။
Jul 30 • 2:28 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


