back

ဘာကိုလာကို ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် ယူရိုသန်း (၁၅၀) ဖြင့် စတင်ကမ်းလှမ်းရန် လီဗာပူးလ် စီစဉ်

Jul 30 • 2:12 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘာကိုလာကို ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် ယူရိုသန်း (၁၅၀) ဖြင့် စတင်ကမ်းလှမ်းရန် လီဗာပူးလ် စီစဉ်

လီဗာပူးလ်အသင်းသည် PSG အသင်းမှ အသက် ၂၃ နှစ်အရွယ် ပြင်သစ်တိုက်စစ်ကစားသမား ဘာကိုလာနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် ယူရိုသန်း ၁၅၀ ဖြင့် စတင်ကမ်းလှမ်းရ...

လီဗာပူးလ်အသင်းသည် PSG အသင်းမှ အသက် ၂၃ နှစ်အရွယ် ပြင်သစ်တိုက်စစ်ကစားသမား ဘာကိုလာနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် ယူရိုသန်း ၁၅၀ ဖြင့် စတင်ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ဘာကိုလာသည် PSG အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသော်လည်း သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းဆန်ထားသူဖြစ်သည်။ ထို့ကြောင့် မိုဟာမက် ဆာလာ၏နေရာတွင် အစားထိုးရန် ကစားသမားရှာဖွေနေသည့် လီဗာပူးလ်အသင်းက ကနဦးပြောင်းရွှေ့ကြေး ယူရို ၁၁၀ သန်းနှင့် အပိုဆောင်းကြေး (Add-ons) ယူရို သန်း ၄၀၊ စုစုပေါင်း ယူရိုသန်း ၁၅၀ ဖြင့် စတင်ကမ်းလှမ်းသွားမည်ဖြစ်သည်။သို့သော်လည်း PSG အသင်းက ဘာကိုလာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၇၀ အထိ သတ်မှတ်ထားသဖြင့် လီဗာပူးလ်၏ ပထမဆုံးကမ်းလှမ်းမှုမှာ ငြင်းပယ်ခံရနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ အကယ်၍ လီဗာပူးလ်အနေဖြင့် ဘာကိုလာကို ခေါ်ယူနိုင်ခဲ့ပါက ပြီးခဲ့သည့်နွေရာသီက နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူခဲ့သည့် အသင်း၏ စံချိန်တင် ပြောင်းရွှေ့ကြေးကို ကျော်လွန်သွားမည်ဖြစ်သည်။

news-view-count-icon

26