နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် အမှတ် (၃၂) အစုန် DEMU ရထားသည် ဇူလိုင် ၂၉ ရက် ညနေ ၃ နာရီကျော်က သင်္ဃန်းကျွန်းနှင့် မလွှကုန်းဘူတာအကြား သုဝဏ္ဏခုံးကျော်တံတားအနီး ဖြတ်သန်းစဉ် ခဲဖြင့် ပစ်ပေါက်ခံခဲ့ရကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ခဲဖြင့် ပစ်ပေါက်ခံရမှုကြောင့် DEMU ရထား၏ ရှေ့ဆုံးတွဲ ခရီးသည် အတက်အဆင်း တံခါးမှန် ကြေမွအက်ကွဲသွားခဲ့သော်လည်း ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။လက်ရှိတွင် သင်္ဃန်းကျွန်းနှင့် တိုးကြောင်ကလေး ရထားရဲစခန်းတို့မှ တာဝန်ရှိသူများက တရားခံ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေဖြင့် အရေးယူရန် ပြင်ဆင်လျက်ရှိသည်။ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေအရ ရထားကို ခဲဖြင့် ပစ်ပေါက်ပါက အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး နှစ် ၂၀ အထိ သို့မဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်ကြောင်း သိရသည်။
Jul 30 • 2:09 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 12 | 0 | 0 | 0 |


