back

၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ (၂) ရက် ခေတ္တရပ်နား

Jul 30 • 1:49 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ (၂) ရက် ခေတ္တရပ်နား

၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလား ပြိုင်ပွဲစဉ်များကို ဇူလိုင် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် (၂) ရက် ခေတ္တရပ်နားထားမည်ဖြစ်ပြီး ဇူလိုင် ၃၁ ရက်နေ့မှစ၍ ပြန်လည်ကျင်းပသွားမည်ဖြစ...

၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလား ပြိုင်ပွဲစဉ်များကို ဇူလိုင် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် (၂) ရက် ခေတ္တရပ်နားထားမည်ဖြစ်ပြီး ဇူလိုင် ၃၁ ရက်နေ့မှစ၍ ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။လက်ရှိ အုပ်စု (A) တွင် စင်ကာပူအသင်းက ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့က ရမှတ် ၃ မှတ်စီဖြင့် ဒုတိယနှင့် တတိယနေရာတွင် ရှိနေကာ ကမ္ဘောဒီးယားနှင့် တီမောတို့မှာ ရမှတ် မရရှိသေးပေ။ အုပ်စု (B) တွင် မလေးရှားအသင်းက ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကာ ထိုင်းနှင့် မြန်မာတို့က ရမှတ် ၃ မှတ်စီဖြင့် အစဉ်လိုက် ရပ်တည်နေပြီး ဖိလစ်ပိုင်နှင့် လာအိုတို့မှာ ရမှတ် မရရှိသေးပေ။

ရှေ့ဆက်ယှဉ်ပြိုင်ရမည့် ပွဲစဉ်များအနေဖြင့် ဇူလိုင် ၃၁ ရက်တွင် အုပ်စု (A) မှ တီမော - အင်ဒိုနီးရှား၊ ဗီယက်နမ် - စင်ကာပူတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဩဂုတ် ၁ ရက်တွင် အုပ်စု (B) မှ လာအို - ဖိလစ်ပိုင်၊ ထိုင်း - မလေးရှားတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ မြန်မာအသင်းသည် ဩဂုတ် ၄ ရက် ရောက်မှ အုပ်စုတတိယပွဲအဖြစ် အိမ်ကွင်း၌ လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

news-view-count-icon

19