back

ထိုင်းနိုင်ငံ ၊ဘန်ကောက်၌ အရေးပေါ်အခြေအနေများအတွက် စိုးရိမ်ရသည့် ကွန်ဒို ၅၀ ကို စားသုံးသူကောင်စီ သတိပေးချက်ထုတ်ပြန်

Jul 30 • 1:48 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ ၊ဘန်ကောက်၌ အရေးပေါ်အခြေအနေများအတွက် စိုးရိမ်ရသည့် ကွန်ဒို ၅၀ ကို စားသုံးသူကောင်စီ သတိပေးချက်ထုတ်ပြန်

ထိုင်းနိုင်ငံ စားသုံးသူကောင်စီက ဘန်ကောက်မြို့ရှိ ကွန်ဒိုမီနီယမ် ၅၀ သည် မီးလောင်မှု သို့မဟုတ် အဆောက်အအုံ ပြိုကျမှုကဲ့သို့ အရေးပေါ်အခြေအနေများတွင် ကယ်ဆယ်ရေးယာဉ်မျ...


ထိုင်းနိုင်ငံ စားသုံးသူကောင်စီက ဘန်ကောက်မြို့ရှိ ကွန်ဒိုမီနီယမ် ၅၀ သည် မီးလောင်မှု သို့မဟုတ် အဆောက်အအုံ ပြိုကျမှုကဲ့သို့ အရေးပေါ်အခြေအနေများတွင် ကယ်ဆယ်ရေးယာဉ်များ အချိန်မီ ဝင်ထွက်နိုင်ခြင်း မရှိသည့် အဆောက်အအုံ တည်ဆောက်ပုံ အန္တရာယ်များ ရှိနေကြောင်း သတိပေးချက် ထုတ်ပြန်လိုက်သည်။ဥပဒေစံနှုန်းများအရ အမြင့် ၂၃ မီတာ (၈ ထပ်) အထက် သို့မဟုတ် စုစုပေါင်းဧရိယာ စတုရန်းမီတာ ၁၀,၀၀၀ ထက်ကျော်လွန်သည့် အဆောက်အအုံကြီးများ၏ ပတ်လည်တွင် မီးသတ်ကားများနှင့် ကယ်ဆယ်ရေးပစ္စည်းများ အလွယ်တကူ ဝင်ထွက်နိုင်ရန် အနည်းဆုံး ၆ မီတာကျယ်သော လမ်းပါရှိရမည်ဖြစ်သည်။လက်ရှိတွင် စည်းမျဉ်းမလိုက်နာသည့် အဆိုပါ ကွန်ဒို ၅၀ စာရင်းကို အရေးယူဆောင်ရွက်ပေးရန် ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြထားပြီး၊ အချို့ကုမ္ပဏီများက ပြုပြင်ပြီးကြောင်း အကြောင်းကြားထားသော်လည်း မြေပြင်ကွင်းဆင်း စစ်ဆေးမှုများအရ ဥပဒေစံနှုန်းများနှင့် ကိုက်ညီမှု မရှိသေးကြောင်း သိရသည်။

news-view-count-icon

21