ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်နှင့် မဒေါက်မြို့၏ စစ်တောင်းမြစ်တို့သည် နောက်ထပ် ၂၄ နာရီအတွင်း စိုးရိမ်ရေအမှတ်အသီးသီးသို့ ရောက်ရှိလာနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းနေရာများတွင် နေထိုင်သူများ ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်ထားသည်။ဇူလိုင် ၂၉ ရက် ညနေ ၆ နာရီခွဲ တိုင်းထွာချက်များအရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ပေဝက်ခန့်သာ လိုနေပြီး မြစ်ရေတိုးလာမှုကြောင့် ပဲခူးမြို့ပေါ် မြေနိမ့်ပိုင်းနှင့် ရပ်ကွက် လမ်းပိုင်းအချို့တွင် ရေ ၄ ပေကျော်အထိ ဝင်ရောက်နေကြောင်းသိရသည်။ထို့အတူ မဒေါက်မြို့၏ စစ်တောင်းမြစ်ရေသည်လည်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၃ လက်မခန့် သာ လိုတော့သည့်အတွက် ပဲခူးမြို့နယ်နှင့် မဒေါက်မြို့များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် မြစ်ရေမြင့်တက်လာပါက အချိန်မီ ရှောင်ရှားနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် မိုးဇလက နှိုးဆော်ထားသည်။
ပဲခူးတိုင်းအတွင်းရှိ ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မြေနိမ့်ပိုင်းနေသူများ သတိပြုရန် မိုးဇလ သတိပေး
Jul 30 • 1:47 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 27 | 0 | 0 | 0 |


