ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီး ပြည်ထောင်စုဂုံးတံတားပေါ်တွင် ယနေ့ (ဇူလိုင် ၃၀ ရက်) နံနက် ၆ နာရီ ၄၈ မိနစ်အချိန်ခန့်က YBS မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့် သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးငြှိမ်းသတ်ယာဉ် (၂) စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၅၇ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


