ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေပြီး ကြက်ဥတစ်လုံးလျှင် ကျပ် ၂,၀၀၀ အထိ ဈေးနှုန်းမြင့်တက်သွားသဖြင့် ဒေသခံပြည်သူများ အခြေခံ စားဝတ်နေရေးအတွက် အလွန်အမင်း အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ပုံမှန် ဝန်ထမ်းတစ်ဦး၏ လစာမှာ ကျပ် ၂ သိန်းကျော်ခန့်သာ ရှိသော်လည်း လက်ရှိတွင် မိသားစုတစ်စု၏ တစ်ရက် ကုန်ကျစရိတ်မှာ ကျပ်တစ်သိန်းနီးပါးအထိ ရှိနေသဖြင့် လစာဖြင့် နေ့စဉ်စားသောက်စရိတ်မှာ ၁၀ ရက်မျှပင် မလောက်ငသည့် အခြေအနေ ဖြစ်နေသည်။ ထို့အပြင် မိုးရာသီ ကာလဖြစ်သဖြင့် ရှာဖွေစားသောက်ရန် ပိုမိုခက်ခဲလာပြီး ဒေသခံအများစုမှာ ထမင်းနပ်မှန်အောင် မစားနိုင်ဘဲဖြစ်သလို စားသောက်နေကြရကာ ချေးငှားစားသောက်ခြင်းနှင့် တောင်းရမ်းစားသောက်ရသည့်အထိ အခြေအနေ ဆိုးရွားလျက်ရှိကြောင်း စစ်တွေမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။
ရခိုင်ပြည်နယ် စစ်တွေ၌ ကြက်ဥတစ်လုံး ကျပ် ၂,၀၀၀ အထိ မြင့်တက်လာမှုကြောင့် ဒေသခံများ စားဝတ်နေရေး အခက်တွေ့နေ
Jul 30 • 1:45 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 18 | 0 | 0 | 0 |


