back

ထိုင်းနိုင်ငံ၏ ထင်ရှားသော ခရီးသွား Content Creatorတစ်ဦးဖြစ်သူ Hlun Solo ဂျော်ဂျီယာတွင် ကွယ်လွန်သွားခဲ့

Jul 30 • 2:10 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၏ ထင်ရှားသော ခရီးသွား Content Creatorတစ်ဦးဖြစ်သူ Hlun Solo ဂျော်ဂျီယာတွင် ကွယ်လွန်သွားခဲ့

ထိုင်းနိုင်ငံ၏ ထင်ရှားသော ခရီးသွား Content Creator တစ်ဦးဖြစ်သူ Hlun Solo ကို ဂျော်ဂျီယာနိုင်ငံရှိ ဟိုတယ်တစ်ခု၌ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရ...

ထိုင်းနိုင်ငံ၏ ထင်ရှားသော ခရီးသွား Content Creator တစ်ဦးဖြစ်သူ Hlun Solo ကို ဂျော်ဂျီယာနိုင်ငံရှိ ဟိုတယ်တစ်ခု၌ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် Asa Papailong က ဇူလိုင် ၂၉ ရက်တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။ဖြစ်စဉ်နှင့် ပတ်သက်၍ Hlun Solo ၏ မိသားစုထံ အကြောင်းကြား အသိပေးခဲ့ပြီး ဖြစ်သလို အသေးစိတ် အချက်အလက်များကိုမူ မိသားစုဘက်မှသာ ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။Hlun Solo သည် လူသူအရောက်အပေါက် နည်းပါးသည့် အန္တရာယ်များသော ဒေသများသို့ တစ်ဦးတည်း ခရီးထွက်ရင်း ဒေသခံများ၏ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်အတွေ့အကြုံများကို မှတ်တမ်းတင် ရိုက်ကူးပြသလေ့ရှိသဖြင့် ပရိသတ်အမြောက်အမြား၏ အားပေးမှုကို ရရှိထားသူဖြစ်သည်။ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာများတွင် Facebook Follower ၂.၈ သန်းခန့်နှင့် YouTube Subscriber ၉ သိန်း ၃ သောင်းကျော် ရရှိထားသည့် နာမည်ကျော် Creator တစ်ဦးလည်း ဖြစ်သည်။

news-view-count-icon

22